သံတွဲ စက်တင်ဘာ ၂၄
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး( Sinopharm 1/ 5dose(BIBP)အမျိုးအစားကို သံတွဲမြို့နယ် အတွင်းရှိ အသက်(၅၅)နှစ်နှင့်အထက်ပြည်သူများအား ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၃ရက်နံနက် ၁၀နာရီမှညနေ ၄.၃၀နာရီအထိ စတင်၍ ဒွါရာဝတီမြို့နယ်ခန်းမနှင့် သက်ဆိုင်ရာကျန်းမာရေး ဌာန ဆေးထိုးစင်တာ (၁၀)ခုတွင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ယခုရောက်ရှိလာသော ကာကွယ်ဆေးများကို ယခင်က အသက် ၆၅နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ အုပ်စုများအပြင် စေတနာ့ပရဟိတအဖွဲ့ ၂၅ ဦး၊ ဘုန်းတော်ကြီးများနှင့် သာသနဝန်ထမ်းများ(၁၉)ဦး နိုင်ငံ့ဝန်ထမ်း ၁၈၄ဦး၊ ပုဂ္ဂလိက စက်ရုံ အလုပ်ရုံဝန်ထမ်းများ ၄၉ဦး၊ ပုဂ္ဂလိကသယ်ဘူပို့ဆောင်ရေးဝန်ထမ်း ၅၉ဦး၊ ဟိုတယ်၊ မိုတယ်/တည်း ခိုခန်း၊ အစားအသောက်ဝန်ဆောင်မှုတန်ထမ်း ၂၀ဦး၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု ဝန်ထမ်း ၂၀ဦး၊ ပုဂ္ဂလိကပညာရေး ဝန်ဆောင်မှုလုပ်ငန်း ၂ဦး၊ သယ်ယူပို့ဆောင်ရေးနှင့် နိုင်ငံငံတကာ ဝင်ထွက်ပေါက်များတွင် တာဝန်ယူထားသောလုပ်ငန်းများမှဝန်ထမ်း ၁ဦး၊ ပို့ကုန်သွင်း ကုန်လုပ်ငန်း/ ကုန်ပစ္စည်းသိုလ်လှောင်ရေး လုပ်ငန်းလုပ်ဆောင်သူ ၁၁၉ဦး၊ အခြားလာရောက်ထိုးနှံသူ ၂၀၀၈ဦး၊ စားသောက်ကုန်ပစ္စည်းရောင်းချသူ၊ စားသောက်ဆိုင်များမှ တန်ထမ်း ၂၅၃ဦး၊ ရွှေ့ပြောင်း လူအုပ်စုနှင့်ယာယီစခန်းမှ ၁၂၉ဦး ၊ မှီခိုသူ ၁၅၅၀ဦး၊ မသန်စွမ်းသူ ၁၀ဦး၊နာတာရှည်ရောဂါရှိသူ ၁၇ဦး စုစုပေါင်း (၄၄၆၅)ဦး တို့အား ထပ်မံဖြည့်သွင်း ထိုးနှံပေးလျက်ရှိကြောင်း ခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ၁၆ရက်မှ အောက်တိုဘာ ၁၁ရက်နေ့ထိ ထိုးပေးသွားမည်ဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ခရိုင်ဆရာ ဝန်ကြီး ဒေါက်တာရဲဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အနီးကပ်ကြီးကြပ်လျက် ရှိကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်