မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ၌ အသက် (၆၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မအီ  စက်တင်ဘာ ၂၄

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၌ ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ ဆက် လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

 

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများနှင့် ကာကွယ်ဆေးထိုးနှံရန် ဦးတည် အုပ်စု တွင် ပါဝင်သူများအား တရုတ် ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ် ဆေး(Sinopharm) အမျိုးအစား ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ က ဂျီဖြူ တောင်ကျေးရွာအုပ်စုရှိ ကျေးရွာ အသီးသီး တို့မှ သတ်မှတ်ဦးတည်အုပ်စုတွင်ပါဝင်သော ပြည်သူ (၁၅၅)ဦးအား ဆေးတစ်လုံးလျင်(၅)ဦးနှုန်းဖြင့် ကာကွယ် ဆေး(၃၁)လုံးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

သိန်းထွန်းအောင်