မရမ်းကုန်း သြဂုတ် ၁၆
မိသားစုများအားစားနပ်ရိက္ခာဝေငှလှူဒါန်းခြင်း အစီအစဉ် ဖြင့်We Love Yangon နှင့်We Love Yangon Mayangoneအဖွဲ့သားများ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ သက်ကြီးဘိုးဘွား (၁၀၀)ဦး နှင့် အမှတ် (၃)ရပ်ကွက်ရှိ နွမ်းပါးသူ (၁၀၀) ဦးတို့အား စားနပ်ရိက္ခာများ သွားရောက် လှူဒါန်းပေးခဲ့သည်။
ထိုသို့ဝေငှလှူဒါန်းရာတွင် တစ်အိမ်ထောင်လျှင် နေကြာဆီ ၅၀ သား ၂ ဘူး၊ ခေါက်ဆွဲခြောက် ၅ ထုပ်၊ ရှူးရှဲ လက်ဖက်နှပ် ၁ ဘူး၊ငါး သေတ္တာ ၃ ဘူး၊ ကွေကာအုပ် ၅ ထုပ်၊မင်္ဂလာပါ ကော်ဖီ ၁ ပါကင်၊ဆား ၁ ထုပ် စသည့်ပစ္စည်းများကို အိမ်ထောင်စုများထံသို့Door to door စနစ်ဖြင့် အလှူရှင်များ ကိုယ်စားသွား ရောက်လှူဒါန်းခဲ့ ပြီးNESTLE မှ MILO 3in1 28g အထုပ်ကြီး (၁)ထုပ်၊NESCAFE BLEND & BREW အထုပ်ကြီး(၁)ထုပ် နှင့်BEAR BRAND MALT MILK 20g အထုပ်ကြီး (၁) ထုပ် တို့ကို ထုတ်ယူနိုင်သော ကူပွန် တစ်ရွက် လျှင် တစ်မိသားစုနှုန်းဖြင့် မိသားစု (၁၀၀)စုအတွက် ကူပွန် (၁၀၀)ကို ထပ်မံ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အေးအေးအောင်(ပြန်/ဆက်)