ကျောက်တံတားမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအားနိုင်ငံတော်အစိုးရမှပေးအပ်သည့်ထောက်ပံ့ငွေများအား​ပေးအပ်

ကျောက်တံတား သြဂုတ်လ ၁၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင်နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ စားဝတ်နေရေးနှင့် အလုပ်အကိုင်များ အခက်အခဲ မဖြစ်စေရေးအတွက် ငွေကြေး ထောက်ပံ့ပေး အပ်ခြင်းကို ပြည်သူများလက်ဝယ်အ​ရောက်​ထောက်ပံ့​ပေးအပ်လျက်ရှိ​ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ငွေ​ပေးအပ်ခြင်းကို ယမန်​​နေ့ ​နေ့လယ်ပိုင်းက အမှတ်(၇)ရပ်ကွက်နှင့်အမှတ်(၉)ရပ်ကွက်အတွင်းရှိပုံမှန်ဝင်​ငွေမရှိ​​သော ပြည်သူများအား ကျောက်တံတားမြို့နယ်တိုင်း​ဒေသကြီးလွှတ်​တော် ကိုယ်စားလှယ် ​ဒေါ်မြလှစံနှင့် ရပ်ကွက်အုပ်ချုပ်​ရေးမှူးများက နိုင်ငံ​တော်အစိုးရကအ​ခြေခံလူတန်းစား အိမ်​ထောင်စုတစ်စုလျှင် ​ထောက်ပံ့​ပေးအပ်သည့် ​ထောက်ပံ့ငွေ (၂၀၀၀၀/−)စီကို ပေးအပ်ခဲ့ကြောင်း သိရသည်။

​​​ရွှေနန်း​မေ