နယ်စပ်ဒေသနေပြည်သူများအား ဗဟုသုတတိုးပွားစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မန့်ဟီးရိုး       ဩဂုတ်     ၁၆

နယ်စပ်ဒေသနေပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရေးအတွက် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေး နံရံကပ်စာစောင် ပြပွဲနှင့် ဓာတ်ပုံပြပွဲများပြသခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန် က မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ကောက်ကွက်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးလှုပ်ရှားဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအား နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်/ စာစောင်များကို အခမဲ့ငှားရမ်းပေးခြင်း၊ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရမည့် အချက်များ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုးများအကြောင်း မှတ်တမ်းဓာတ်ပုံများ ပြသပေးခြင်းအပြင် မြို့ဦးစီးမှူး ဒေါ်စန္ဒာဝင်းက နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲသို့ လာရောက် ကြည့်ရှုသူ ပြည်သူ များအား လူကုန်ကူးမှု အကြောင်းနှင့် မူးယစ်ဆေးဝါးဆိုးကျိုးများ အကြောင်းကိုလည်း အသိပညာပေး  ဆွေးနွေးဟောပြော ခဲ့သည်။                                                                                                  

အဆိုပါ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာသို့ ဒေသခံပြည်သူများ စိတ်ဝင်တစားလာ ရောက်ကြည့်ရှု၍ သိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရှိရသည်။            

စန္ဒာ(ပြန်/ဆက်)