ရန်ကုန် သြဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းစီမံချက်အရစီမံကိန်းကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်(၄၄)မြို့နယ်အနက် လှိုင်မြို့နယ်အတွင်းအစားအသောက် ထုတ်လုပ်ခြင်းနှင့် လက်လီလက်ကားရောင်းဝယ်ရေးမော်တော် ယာဥ်နှင့် မော်တော် ဆိုင်ကယ် ပြင်ဆင်ခြင်းကဏ္ဍများတွင်လုပ်ကိုင်လျက်ရှိသော ကလေးလုပ်သားစစ်တမ်းကို ၂၀၂၀ပြည့်နှစ် မတ်လ ၂၁ ရက်နေ့ တွင် စတင် ကွင်းဆင်းကောက်ယူခဲ့သည်။
ဆက်လက်၍ ၂၀၂၀ပြည့်နှစ် မတ်လ ၂၄ ရက်နေ့တွင် ကိုဗစ်-၁၉ အခြေအနေရ ယာယီရပ်နားခဲ့ရပြီး အဆိုပါစစ်တမ်းကို (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်ရမည် လုပ်ငန်းဖြစ်သောကြောင့် (၂၀၂၀) ပြည့်နှစ် သြဂုတ်လ အတွင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်၊စည်းကမ်းချက်များနှင့်အညီ စီမံကိန်း၊ဘဏ္ဍာရေး စက်မှုဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဦးဆောင်၍ မိခင်နှင့်ကလေး ၊အမျိုးသမီးရေးရာ ၊အထွေထွ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရပ်ကျေးအဖွဲ့အစည်းများ၏ ကူညီမှုဖြင့် ကွင်းဆင်းကောက်ယူခဲ့ကြရာ လှိုင်မြို့နယ်အတွင်း ဗဟိုစာရင်းအင်းအဖွဲ့၏ တာဝန်ခံ ဒုတိယစာရင်းအင်းမှူး ဒေါ်ဇင်မာချို ဦးဆောင်၍ယမန်နေ့ နံနက် ၁၀ နာရီ ကစတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)