ရန်ကုန် ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ လူသွားစင်္ကြန်(Platform)ပြုလုပ်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဉက္ကဌ ဦးသိန်းသန်း နှင့်တာဝန်ရှိသူများ သည် မြို့နယ်လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းဦး ဆောင် ရွက်နေသော နံ့သာကုန်းရပ်ကွက်၊အ.ထ.က(၁)ကျောင်းဘေး၊တန်းမြင့်ကျော်လမ်းတွင် လူသွားစင်္ကြန် (Platform)ပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းတိုးတက်မှု အခြေအနေနှင့် ဆောင် ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)