ကြည့်မြင်တိုင် ဩဂုတ် ၁၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ၁.၈.၂၀၁၀ မှ ၁.၉.၂၀၁၁ မွေးဖွားသူ (တစ်နည်းအားဖြင့် အသက် ၉ နှစ်မှ ၁၀ နှစ်ပြည့်ပြီးသူ) အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်းကို မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိနိုင်ရေး အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့၏ သမီးငယ်များအား ကျန်ရှိမှု မဖြစ်စေရေးအတွက် (၁၇.၈.၂၀၂၀) ရက်နေ့တွင် ကြည့်မြင်တိုင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနတွင် စာရင်းများ လာရောက်ပေးသွင်းနိုင်ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)