‌ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဒဂုံတောင် စက်တင်ဘာ ၂၃

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် အသက်(၅၅)နှစ်နဲ့အထက် ပြည်သူများကို ယနေ့နံနက်(၉)နာရီ အချိန်မှ စတင်၍ သတ်မှတ် စုရပ်နေရာများတွင် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ ဆေးတစ်မျိုး ဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစားကာကွယ်‌​ဆေးများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၅၅)နှစ်အထက် ပြည်သူများကို စုရပ်များ အလိုက်ကာကွယ်ဆေး ထိုးပေးခဲ့ပြီး မြို့နယ်ကိုဗစ် -၁၉‌ ရောဂါကာကွယ်ထိန်းချုပ်‌ ရေးနှင့်အ‌ရေးပေါ်တုံ့ပြန်‌ ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ ကြက်‌ခြေနီတပ်ဖွဲဝင်များ၊ ရပ်ကွက် အုပ်ချုပ်‌ရေးမှူးများနှင့် အဖွဲ့ဝင်များမှလာရောက်၍ လိုအပ်သည်များ‌ ပေါင်းစပ်‌ဆောင်ရွက်‌ ပေးခဲ့ကြောင်းသိရသည်။

ထို့ပြင် မြို့နယ်အတွင်း ဆေးထိုးရန ်ကျန်ရှိသူများကိုယ်လည်း ဆက်လက်ထိုးနှံပေးရန် စီစဉ် ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိသည်။

သက်မင်းဟန်