တွံတေး စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် ၅၅ နှစ်မှ ၆၄ နှစ် အတွင်းရှိ သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီကအ.ထ.က( ၁)နှင့် ပြည်သူ့ဆေးရုံတို့၌ ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ဆေးထိုးမည့်သူများအား ကနဦး ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်စေပြီး ကျန်းမာရေး ကောင်းမွန်သူများအား ကာကွယ်ဆေးထိုးနှံခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ပြုလုပ်ပေးလျက် ရှိသည်။
တွံတေးမြို့နယ် အတွင်းမှာ အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ(၂၉၆၁)ဦး၊ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ စျေးဆိုင်များမှ အရောင်း ဝန်ထမ်းများ ကိုပထမအကြိမ်(၄,၂၀၅)ဦးနှင့် ဒုတိယအကြိမ်ထိုးနှံပြီးသူ( ၅,၂၆၅)ဦး ရှိကြောင်း သိရသည်။
ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုများကို ကာကွယ် ဆေးထိုးနှံရန်ရပ်ကွက်၊ ကျေးရွာများအလိုက် အလှည့်ကျ အဆင့်သတ်မှတ်ချက်အလိုက် ထိုးနှံပေးတာ ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဦးလှစိုးထံမှ သိရှိရသည်။
မြို့နယ် ပြန်/ဆက်