အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်ရေး အထူးအလေးထား ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းရှိ ရေမြောင်းအား ရေစီးရေလာ ကောင်းမွန်ရေးအတွက် ယနေ့ နံနက်(၈)နာရီအချိန်က ဆောင် ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးဌာန ပတ်ဝန်းကျင်သန့်ရှင်းရေးမှ(၁၀)ဦး၊ ရေစီးရေလာမှ(၁၀)ဦး၊ ပန်းဥယျာဉ်မှ (၅)ဦး၊ မြို့နယ် EOရုံးမှ(၅)ဦး စုစုပေါင်းဝန်ထမ်း(၃၀)ဦးက  ရေမြောင်းများအတွင်း အမှိုက်များ ရှင်းခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး အမှိုက်များကို ထိန်ပင်အမှိုက်ကုန်းသို့ အမှိုက်သယ် ကားဖြင့် စနစ်တကျပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်၊ သန့်ရှင်းသာယာလှပရေးနှင့် မိုးရာသီတွင် ရေကြီးမှုများ မဖြစ်ပေါ်စေရန် အတွက် အဓိကချောင်းများဖြစ်သော ဖော့ကန်ရပ်ကွက်ရှိ ရွာမချောင်း၊ ရွာမအရှေ့ရပ်ကွက်ရှိ ပေါက်တောချောင်းနှင့် ကသွယ်ချောင်းစသည့် ချောင်းများနှင့် မြောင်းများကို ရေးစီးရေလာ ကောင်းမွန်အောင် ရှင်းလင်းခြင်းလုပ်ငန်းများကို အထူးအလေးထား ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)