တောင်ဥက္ကလာပမြို့နယ်ရှိ မန္တလေးအကင်ဆိုင်မိသားစုမှ အိမ်ထောင်စု(၁၂၀)သို့ အခြေခံစားကုန် ဆန်၊ ဆီ၊ ကြက်ဥတို့လှူဒါန်း

တောင်ဥက္ကလာပ စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲဖြစ်နေကြသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ဝေဇယန္တာလမ်း၊ မန္တလေး အကင်ဆိုင် မိသားစုမှ လှူဒါန်းမှုကို ယမန်နေ့မွန်းလွဲ (၂:၀၀)နာရီအချိန်မှစ၍ ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ရုံးတွင် အခြေခံစားကုန် ဆန်၊ ဆီ၊ ကြက်ဥတို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 ထိုသို့ထောက်ပံ့ပေးရာတွင် အလှူရှင် မန္တလေးအကင်ဆိုင် မိသားစုမှ အလှူ‌ငွေကျပ် (၁၀)သိန်း တန်ဖိုးလှူဒါန်းထားမှုအပေါ် အိမ်ထောင်စုတစ်စုလျှင် ဆန်(၄) ပြည်အိတ်တစ်အိတ်၊ ဆီ ၅၀ ကျပ်သား တစ်ဘူး၊ ကြက်ဥ(၁၀)လုံး တို့ကို တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက် အတွင်းရှိ အိမ်ထောင်စုပေါင်း (၁၂၀)တို့မှ အခြေခံလူ တန်းစား ပြည်သူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း အလှူရှင်များမှ စဉ်ဆက်မပြတ် လှူဒါန်းပေးလျက်ရှိပြီး အခြေခံလူတန်းစာများ၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ရရှိစေရန် ရည်ရွယ်၍ လှူဒါန်းထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ခင်ဆွေနှင်း