နမ့်စန်(တ) ဩဂုတ် ၁၆
ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ များ တွင် ဇူလိုင်လ ၂၅ ရက်မှသြဂုတ်လ ၁၄ ရက်နေ့အထိ ပထမအကြိမ်ထုတ်ပြန်ကြေငြာထားပေးရာ မဲစာရင်း လာရောက်ကြည့်ရှုသူ ဦးရေ ၅၁၀၀ ဦး၊ လာရောက်လျှောက်ထားသူ ၊ ကန့်ကွက်သူ နှင့် ပြင်ဆင်သူ ဦးရေ ၁၀၇၅ ဦး ရှိကြောင်းသိရသည်။
နမ့်စန်မြို့နယ်တွင် ဩဂုတ်လ ၁၄ ရက်နေ့အထိ မဲစာရင်း၌ အမည်စာရင်းမပါရှိ၍ ပုံစံ(၃) ဖြင့် လာရောက်လျှောက်ထားသူ (၃၁၉) ဦး ၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက် ကန့်ကွက်သူ (၁၇၅)ဦး ၊ မဲစာရင်းတွင် ကိုယ်ရေးအချက်အလက်များ မှားယွင်း နေသဖြင့် ပုံစံ(၄) (ဂ)ဖြင့်ပြင်ဆင်ရန် လာရောက်လျှောက်ထားသူ (၅၈၁) ဦးရှိကြောင်းသိရသည်။
နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက် (၁၁) ခုနှင့် ကျေးရွာအုပ်စု (၂၀)တို့တွင် လက်ရှိ အချိန်ထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၈၉၄၀၃ ဦးရှိပြီး လျာထားမဲရုံအရေအတွက်မှာ (၁၀၃)ရုံ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးမှသိရသည်။
သူရအောင်(ပြန်/ဆက်)