ကျောက်ဖြူ စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ အသက် ၅၅ နှစ်အထက်ရှိသူများနှင့် ဦးစားပေးအုပ်စုတွင်ပါ ဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆေးထိုးစုရပ်သုံး နေရာဖြစ်သည့် ဇင်ချောင်း(အ-ထ-က)၊ စနဲ(အ-ထ-က)နှင့် အမှတ်(၃)၊ အခြေခံပညာအထက်တန်း ကျောင်းရှိ စန္ဒကူးခန်းမတို့တွင် သတ်မှတ်ပေးထားသည့် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ဆက် လက်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် အသက် ၅၅ နှစ်အထက်ရှိသူများ၊ ရဟန်း သံဃာ/သီလရှင်များ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်ရောဂါရှိသူများနှင့် ရွှေ့ပြောင်းလူ အုပ်စုများ စသည့်ပြည်သူများကို သတ်မှတ်ဦးစားပေးအုပ်စုအဖြစ် ထိုးနှံပေးလျှက်ရှိပြီး ဆေးထိုးရန်လာ ရောက်ကြသည့် ပြည်သူများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်စေတနာ့ဝန်ထမ်းများမှ သတ်မှတ် နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။
ကျောက်ဖြူမြို့နယ်၌ အဆိုပါကာကွယ်ဆေးကို စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်ထိုးနှံပေး လျက်ရှိပြီး စက်တင်ဘာလ ၂၁ ရက်နေ့အထိ ပြည်သူစုစုပေါင်း ၁၈၈၅ ဦးတို့အား ထိုးနှံပေးထားပြီးဖြစ်ကာ စက်တင်ဘာလ ၂၂ ရက်နေ့တွင်လည်း ကျောက်ဖြူမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေး ရွာအုပ်စုများမှ ပြည်သူ ၂၀၄၂ ဦးတို့အား ဆေးထိုးစုရပ် သုံးနေရာတွင် ဆက်လက်ထိုး နှံပေးသွားမည် ဖြစ် ကြောင်း သိရှိရသည်။
တင်ထွန်းဦး ( ပြန်/ဆက်)