ပြင်ဦးလွင် စက်တင်ဘာ ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီးမှ ကြီးမှူးကျင်းပသည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ် မှုနည်း ပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၃)၊ ရွှေဘုံသာလမ်း၊ အမှတ်(၅၃)၊ ပန်းချယ်ရီဆွယ်တာ ထုတ်လုပ်သူများ သမဝါယမ အသင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ပန်းချယ်ရီဆွယ်တာ ထုတ်လုပ်သူများ သမဝါယမအသင်းမှ အမှု ဆောင်အဖွဲ့နှင့် အသင်းသား၊ အသင်းသူများ တက်ရောက်ကြသည် ။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သင်းမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား အသေးစိတ်ရှင်လင်း ပြောကြားခဲ့ပြီး ပြင်ဦးလွင်မြို့နယ် သမဝါယမ ဦးစီးဌာန၊ ဦးစီးအရာရှိ ခေါ်ခင်မိုးကြည်မှ Donut မုန့်ဖုတ် နည်းပညာများကို သင်တန်းဆရာများမှ စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ရာ သင်တန်းသားများအနေဖြင့် ကျွမ်းကျင်တတ်မြောက်အောင် စနစ်တကျ လေ့လာသင်ယူရန်နှင့် သင်တန်းနှင့်ပတ်သတ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို စက်တင်ဘာလ ၂၂ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ နံနက် (၉:၃၀) နာရီမှ ညနေ (၅) နာရီအထိ သင်တန်းသား(၁၀) ဦးတို့အား တတ်ကျွမ်းသည့် ပညာရှင်များမှ လက်တွေ့စနစ်တကျ သင်ကြား ပို့ချလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ခရိုင် (ပြန်/ဆက်)