ဟိုပင်၌ တတိယအကြိမ် covid -19 ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ဟိုပင်        စက်တင်ဘာ        ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့တော်ခန်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ covid -19 ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာ ၁၉ ရက် နံနက် ၈ နာရီ မိနစ် ၃၀မှစ၍ တတိယအကြိမ်   Sinoparm တရုတ်နိုင်ငံထုတ် covid -19 ကာကွယ်ဆေး ထိုးနှံခြင်းကို ဌာနဆိုင်ရာ၀န် ထမ်းများ၊ ဟိုပင်မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုရှိ  လူမှုရေးအသင်းအဖွဲ့များ နှင့်  အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်း ပြည်သူများ စုစုပေါင်း ၁၆၀၀ ဦးကို စက်တင်ဘာ ၂၂ ရက်ထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း  သိရှိရသည်။

အဆိုပါ  ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင်  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက မြို့တော်ခန်းမအ၀င်တွင် စာရင်းကောက်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်း၊ ဆီးချိုရောဂါ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး covid -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမြို့အဆင့် လုပ်ငန်းကော်မတီဉက္ကဌ ဦးဝေလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်တို့က ပြည်သူများအနေဖြင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရန်ရှိပါက နှားခေါင်းစည်း MASK တပ်ဆင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း  သိရသည်။   

                                                                                                                                                                                                 တိုးတိုးမေ−ဟိုပင်