နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာ မိသားစုများ၏ ဧကဒဿမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   စက်တင်ဘာ    ၂၁

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အခမ်းအနားကျင်းပရာတွင် ဆရာတော်သံဃာတော် (၃) ပါးကိုပင့်ဖိတ်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ ပျဉ်းမနားမြို့နယ် အရှေ့ခြမ်း တောင်ပေါ်ဒေသတွင် သီတင်းသုံးလျက်ရှိသော သံဃာတော်များအား သီတင်းသုံတော်မူသည့် ကျောင်းများသို့ သွားရောက်ကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ သတ်မှတ်အကွာအဝေးများအတိုင်း စီစဉ်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေချိန် ကာလဖြစ်သည့်အတွက် အခမ်းအနားသို့ တက်ရောက်မည့် အင်အားကိုလည်း တတ်နိုင်သလောက်လျော့ချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီး အနေဖြင့်လည်း မိမိတို့ဆောင်ရွက်ရမည့် ကဏ္ဍများအလိုက် စနစ်တကျ စီစဉ်ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဝင်က ဆပ်ကော်မတီများအချင်းချင်း ချိတ်ဆက် ဆောင်ရွက်သွားရမည့် အခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)