နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးအားပေး

 

ပျဉ်းမနား စက်တင်ဘာ ၂၁

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ကာကွယ်ဆေးထိုးနှံရေးစင်တာတွင် ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လာရောက်ကာကွယ်ဆေးထိုးနှံကြသည့်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးရာ လာရောက်ကာကွယ်ဆေး ထိုးနှံကြသူများက  ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများနှင့် ပတ်သက်ပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

 

ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ဒုတိယအသုတ် ပထမအကြိမ်ထိုးနှံရာတွင် ယခင်ကာကွယ်ဆေး ထိုးနှံခွင့်ရရှိသူများမှ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများ၊ နာတာရှည်ရောဂါ ခံစားနေရ သူများ၊ မသန်စွမ်းသူများနှင့် အသက်၅၅နှစ်မှ ၆၄နှစ်အကြား အသက်ကြီးသူများကို စက်တင်ဘာလ (၁၆)ရက်နေ့မှ စတင်ကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ဇော်ဖြိုး(ပြန်/ဆက်)