မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသည့် ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ငွေများ ပေးအပ်

မိုင်းဖြတ် စက်တင်ဘာ ၂၁

ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသော ထိခိုက်လွယ်အုပ်စုများဖြစ်သို့ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀နာရီ အချိန်က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်ထွန်းနှင့် ဝန်ထမ်းများက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံထားပြီး ပြန်လည်ကျန်းမာလာ၍ ဆေးရုံးဆင်းခွင့် ရသူများဖြစ်သည့် အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွား (၄)ဦး၊ အသက်၅နှစ်အောက် ကလေး(၇)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၁)ဦး စုစုပေါင်း(၁၂)ဦးတို့အား တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် (၃၆၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

သန်းထွန်းအေး