မန်တုံ စက်တင်ဘာလ ၂၁
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ယမန်နေ့ နံနက်(၉:၀၀)နာရီ မှ ညနေ(၄:၀၀)နာရီအထိ မြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် မန်တုံမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက စနစ်တကျ စီမံဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမီ ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စာရင်းဇယားမှတ်တမ်းရယူခြင်းများဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစား(၄၄)လုံးကို နိုင်ငံဝန်ထမ်း(၃)ဦး ၊စားသောက်ကုန်ပစ္စည်း ရောင်းချသူများ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်မှဝန်ထမ်းများ (၂၃)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း(၇)ဦး၊ ပုဂ္ဂလိကစက်ရုံ၊အလုပ်ရုံဝန်ထမ်း(၄)ဦး၊ Volunteer ပရဟိတ(၆)ဦး၊ မှီခို(၁)ဦး စုစုပေါင်း(၄၄)ဦး ထိုးနှံပေးခဲ့ကြပြီး ထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့် နားနေစေကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေး Sinopharm အမျိုးအစား(၇၅၇)လုံးကို သြဂုတ်လ(၂၈)ရက်နေ့မှ စက်တင်ဘာလ (၂၀)ရက်နေ့ထိ လူဦးရေ(၇၅၇)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထိုသို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များက လိုအပ်သည့်နေရာများတွင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မန်တုံပြန်/ဆက်