လားရှိုး စက်တင်ဘာ ၂၁
လားရှိုးမြို့သို့ မြန်မာ့လေကြောင်းလိုင်းဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ လူဦးရေ ၉ သောင်းကျော်အတွက် ကိုဗစ်-၁၉ကာကွယ်ဆေးများ ယနေ့ နံနက် ၁၀နာရီအချိန်တွင် ရောက်ရှိလာကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးများ ရောက်ရှိလာခြင်းကို လားရှိုးမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး၊ လားရှိုးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ရဲအောင်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ရယူခဲ့ကြသည်။
ယခုရောက်ရှိလာသော ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ မြို့နယ်များမှ လူဦးရေ ၉ သောင်းကျော်အတွက် ဆေးခွဲတမ်းများ ရရှိခြင်းဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်များသို့ ဆေးခွဲတမ်းများ ပြန်လည်ခွဲပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သတ်မှတ်ထားသော စုရပ်များတွင် စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဉီးထံမှ သိရသည်။
ဥမ္မာချို