မိုင်းဖြတ်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

မိုင်းဖြတ် စက်တင်ဘာ ၂၁

ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်လုပ်ငန်းများကို  ရက်ကွက်နှင့်ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးလျက်ရှိရာ  စက်တင်ဘာလ ၁၉ ရက်နှင့် ၂၀ရက်က   တောညု ကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အား ဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းက မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့်  ကိုင်ဆောင် သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးနှင့် “ပန်းခင်းစီမံချက်စီမံချက်ပါ လုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်   “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်းများက  တောညုကျေးရွာ အုပ်စု အတွင်းမှ  ကျေးရွာနေပြည်သူများလာရောက်လျှောက်ထားသည့်   နိုင်ငံသားစိစစ်ရေး ကတ်ပြား  (၁၁၅)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားသူ  အိမ်ထောင်စု (၃)စုတို့ကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး ကျေးရွာနေပြည်သူများ ကျေးရွာနေပြည်သူများ အမှန်တကယ်လိုအပ်သည့် ကတ်တစ်မျိုးမျိုးရရှိနိုင်ရေးအတွက် လိုအပ်ချက်များ ပူးပေါင်း ဆောင်ရွက်ပေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးအနေဖြင့် “ပန်းခင်းစီမံချက် လုပ်ငန်းဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၄၇၂)ဦးနှင့် အိမ်ထောင်စုလူဦးရေ စာရင်း (၆၈)စုကို ဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း   မြို့နယ်ဦးစီးမှူးရုံက သိရသည်။

သန်းထွန်းအေး