လယ်ဝေးမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကိုစင်တာ(၉)ခု၌ ဆက်လက်ထိုးနှံ

လယ်ဝေး     စက်တင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို တိုက်နယ်ဆေးရုံများ၊ ကျေးရွာကျန်းမာရေးဌာနများနှင့် ကာကယ်ဆေး ထိုးစင်တာများ၊ စုစုပေါင်းစင်တာ(၉)ခု၌ လူဦးရေ(၃၀၀၃)ဦးခန့်ထိုးနှံပေးပြီး ယနေ့နံနက်ပိုင်းမှစ၍ အဆိုပါစင်တာများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်မှ (၆၄)နှစ် ကြားအသက်ကြီး သူများ၊ နာတာရှည်ရောဂါခံစားနေရသူများ၊ မသန်စွမ်းသူများနှင့် လူအများနှင့် ထိတွေ့ဆက်ဆံနေရသည့်ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကိုလည်း အောက်တိုဘာ (၁၁)ရက်နေ့အထိ နောက်ဆုံးထားထိုးနှံပေးသွားမည်ဖြစ်သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးရန်လာရောက်သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏတိုင်းတာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာကျန်းမာရေးဌာနဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)