နေပြည်တော် စက်တင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းငါးလုပ်ငန်းဦးစီးဌာနမှ ဇေယျာသီရိမြို့နယ် အတွင်းရှိ ပေါင်းလောင်းမြစ်အတွင်း ငါးမျိုးစိတ်စိုက်ထည့်ခြင်း အခမ်းအနားကို ကျည်တောင် ကျေးရွာရှိ ပေါင်းလောင်းမြစ်ကမ်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ ငါးစားသုံးမှုမြင့်တက်စေရန် နှင့် ငါးသယံဇာတတိုးပွားပြီး ရေရှည်ငါးစားသုံးနိုင်ရန်ရည်ရွယ်၍ ဆည်/ တာတမံ/ သဘာဝရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ပွဲပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်နိုင်ဦး၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ညိုညိုအေးနှင့်တာဝန်ရှိသူများ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေါင်းလောင်းမြစ်အတွင်းသို့ ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၃၀၀၀၀၀ စိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)