ညောင်ဦးမြို့ခရိုင် ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးမှ တက်ရောက်ကုသနေသည့် ကိုဗစ် -၁၉ ရောဂါလူနာ ပြန်လည် ကျန်းမာလာသဖြင့် ၁၉၉ဦး‌ဆေးရုံးမှဆင်း

ညောင်ဦး စက်တင်ဘာ  ၂၁

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသ နေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ကျား (၁၉၁) ဦး၊မ(၉၈) ဦး ကျန်းမာရေး ကောင်းမွန် သဖြင့် ယနေ့ နံနက်၈နာရီခွဲအချိန်က ဆေးရုံဆင်းခွင့်ပြုခဲ့ကြာင်း ညောင်ဦးခရိုင် ၊ခရိုင် ကျန်းမာရေးဦးစီးဋ္ဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်း ထံကသိရသည်။

         

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိ၍တက်ရောက်ဆေး ကုသမှုခံ ယူနေသော ညောင်ဦးမြို့နယ်မှ ၁၉၉ဦးအားကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ပြု ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဆေးရုံဆင်းခွင့်ပြုရာ၌ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ညောင်ဦးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်း၊ ညောင်ဦးမြို့နယ် စီမံ အုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်တို့က အားပးစကားပြောကြားပြီး ကြက်ဥ ၊Mask ဘူးနှင့် အချို ရည်ကတ်များလက်ဆောင်ပေးအပ်သည်။ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၁၉၉ ဦးအား မိမိတို့အိပ်ပြန်လည်ရောက်ရှိသည့်အခါ Home Quarantine ခုနှစ်ရက်နေထိုင် ရမည်ဖြစ် ကာ မိမိတို့အသုံးအဆောင်များ တပါးသူမသုံးစေပဲ သီးသန့်နေထိုင်သုံးစေရေးတို့အား ဒေါက်တာ အောင်မြင့်ထွန်းက ဆက်လက်မှာကြားသည်။

 

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ဆေးကု သမှုခံ ယူနေသူ ၃၁ဦးရှိနေသေးပြီး ကိုဗစ်-၁၉ ရောဂါဖြင့်ကျား ၅ဦး၊မ ၆၂ဦးဆေးဆုံး၊ကာ ‌ကျန်းမာရေး ကောင်းမွန်သဖြင့် (၁၉၉)ဦး ဆေးရုံကြီးမှ ဆေးရုံဆင်း ခွင့်ပြုခဲ့ကြောင်းသိရကာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၃၄၉) ဦးရှိကြောင်းသိရသည်။

                            

ကိုထိန်(KPD)