တပ်ကုန်းမြို့၌  ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး  ပြည်သူများပိုမိုသိရှိရန် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်

တပ်ကုန်း         စက်တင်ဘာ      ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စနစ်တကျကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများ ပိုမိုသိရှိရန် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍  ယမန်နေ့ ညနေ ၄နာရီက အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်း များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့တို့ ပါဝင်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို တပ်ဆင်ထားကြပါ၊ ပြင်ပမှ လာသော ဧည့်သည်များ လက်ခံခြင်း မပြုလုပ်ရန်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက် လည်ပတ်ခြင်း မပြုလုပ်ရန်၊ လူအများနှင့်ထိတွေ့စကားပြောဆိုရပါက မျက်နှာအကာကိုလည်း တွဲဖက်တပ်ဆင်အသုံးပြုပါ၊ တစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ကြပါ၊ လူစု လူဝေးရှောင်ပါ၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောပါ၊ အလုံပိတ်အခန်း များ၊ လေဝင် လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင် ကြဉ်ပါ၊အိမ်အပြင်သို့ ထွက်လေ့ရှိသူများအနေဖြင့်အိမ်ပြန်လာတိုင်း နှာခေါင်းစည်း(Mask)ကို အိမ် အပြင်တွင် စွန့်ပစ်ပါ၊ အိမ်ရှိအသက်အရွယ်ကြီးရင့်သူများ၊ ဆီးချို၊သွေးတိုး၊ နှလုံးရောဂါ စသည့် နာတာရှည်ရောဂါရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင် သွားလာရေး စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ချက်များကို ပြည်သူများ ပိုမိုသိရှိစေရန်  အသံချဲ့စက်ဖြင့်  လှည့်လည်အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်