ထန်းတပင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ(၁၇)ခုတို့မှ အလုပ်သမား(၂,၂၉၀)ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်

ထန်းတပင်(ရန်ကုန်)စက်တင်ဘာ ၂၁ ရက်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းရှိ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ(၁၇)ခုတို့မှ အလုပ်သမား(၂,၂၉၀)ဦး တို့အား ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှသိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအား ကာကွယ် ဆေးထိုးနှံ ပေးမှုများကိုလည်း စက်တင်ဘာ(၁၄)ရက်နေ့မှ စတင်၍ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ (၁၄)ရက်နေ့တွင် ထန်းတပင်-မြန်မာအထည်ချုပ်စက်ရုံမှ အလုပ်သမား(၂၆၆)ဦး၊ ဟော်စွင့်စက်ရုံမှ အလုပ်သမား(၄၁)ဦး၊ Global Paper Holding စက်ရုံမှ အလုပ်သမား(၁၅)ဦးနှင့် ပန်ဒါအချိုမှုန့်စက်ရုံမှ အလုပ်သမား(၁၀၉)ဦး၊ စက်တင်ဘာလ(၁၅)ရက်နေ့တွင် Star World စက်ရုံမှအလုပ်သမား(၁၄၂)ဦး၊ မင်းသားလေးစက်ရုံမှ အလုပ်သမား(၂၆၀)ဦး၊ Glory Home စက်က်ရုံမှအလုပ်သမား(၂၇)ဦး၊ Thamadi Family စက်ရုံမှ အလုပ်သမား(၂၃)ဦး၊ Beauty World Co.,Ltd မှ အလုပ်သမား(၄၀)ဦး၊ Yu Sheng Printing Co.,Ltd မှအလုပ်သမား(၁၇)ဦးနှင့် Bondsin Metal (Myanmar)Co.,Ltdမှ အလုပ်သမား(၅)ဦး၊ စက်တင် ဘာလ(၁၇)ရက်နေ့တွင် Over Sea စက်ရုံမှ အလုပ်သမား(၆၆၁)ဦး၊ စက်တင်ဘာလ(၁၈)ရက် နေ့တွင် GBL Bags Factory မှအလုပ်သမား(၁၂၁)ဦး Hydrodynamic စက်ရုံမှအလုပ်သမား (၃၈၃)ဦး၊ Hui Tong Company မှအလုပ်သမား(၂၅)ဦး၊ king စက်ရုံမှ အလုပ်သမား(၂၇)ဦးနှင့် ပိုင်ဆိမ့်စက်ရုံမှ အလုပ်သမား (၁၂၈)ဦး စုစုပေါင်းစက်ရုံ၊ အလုပ်ရုံ(၁၇)ခုတို့မှအလုပ်သမား(၂,၂၉၀)ဦးတို့ကို ပထမအကြိမ် ကာကွယ် ဆေးကိုထိုးနှံ ပေးခဲ့ကြောင်းလည်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအား ကာကွယ် ဆေးထိုးနှံ ပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)