တပ်ကုန်းမြို့နယ်၌  အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ဖြစ်  ပဉ္စမရက်ထိုးနှံပေး

 

တပ်ကုန်း  စက်တင်ဘာ   ၂၁

နေပြည်တော်တပ်ကုန်းမြို့နယ်တွင် အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့၊ တပ်ကုန်းတပ်နယ်မှ ဆေးထိုးအဖွဲ့တို့ဖြင့် ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ဖြစ် ပဉ္စမရက်ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက တပ်ကုန်းမြို့၊ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနှင့် ရွှေမြို့ကျေးရွာအုပ်စုရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းဝန်းတို့၌  ကာကွယ်ဆေးထိုးစုရပ်တွင်  ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ Sinopharm အမျိုးအစား ဖြစ်၍ ကာကွယ်ဆေးအလုံးရေ(၁၆၀၆)လုံးရရှိပြီး ပထမရက် ကာကွယ်ဆေးလာရောက် ထိုးနှံ သူပေါင်း(၄၉၇)ဦး၊ ဒုတိယရက် ကာကွယ်ဆေးလာရောက်ထိုးနှံသူပေါင်း( ၅၃၅ )ဦး၊ တတိယရက် ကာကွယ်ဆေးလာရောက်ထိုးနှံသူပေါင်း(၁၁၄၄)ဦး၊စတုတ္ထရက် ကာကွယ်ဆေး လာရောက်ထိုးနှံ သူပေါင်း(၁၀၁၅)ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပါဝင်ကူညီဆောင်ရွက်ပေးကြပြီး ဥတ္တရခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင် ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့် အဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ယာယီရဲမှူး တင်အောင်မိုးတို့က လာရောက်ကြည့်ရှုပြီး  ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများအား   ရင်းရင်းနှီးနှီးနှုတ်ဆက်ပြောကြားကြောင်း သိရသည်။

တင်စိုးလွင်