တပ်ကုန်း စက်တင်ဘာ ၂၁
နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူ ဦးရေမှာ သံဃာ၊သီလရှင်နှင့်ပြည်သူပေါင်း(၇၂၄)ဦးဖြစ်ပြီး ဆေးရုံဆင်ခွင့်ရရှိသူပေါင်း (၃၇၇) ဦး၊ ကိုဗစ်-၁၉ Positive လူနာများအနက် သေဆုံးသူပေါင်း(၄၁)ဦးရှိပြီးကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာရင်းအရသိရပြီး၊ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန်လာသူ များ၏ ရင်တွင်းစကားသံများကို ဖော်ပြပေးလိုက်သည်။
ကျွန်တော်ကတော့ ကိုရန်ငြိမ်းလင်း ဖြစ်ပြီး ၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်၊ အရင်းတစ်ရက်ကတော့ မိုးမိတာတော့ ရှိခဲ့ဘူးပါတယ်၊ ခန္ဓာကိုယ်က ဖျားချင် သလိုလိုနဲ့မျက်စိတွေပူလာပါတယ်၊အဲဒီနောက် ချမ်းစိမ့်စိမ့်နဲ့ ကိုယ်လက်နာ ဖျားနေပြီးလို့ သိလိုက်တော့ မိသားစုတွေနဲ့ကော ရုံးဝန်ထမ်းတွေနဲ့ရော ခွဲနေပါတော့တယ်၊ နောက်ရက်မှာတော့ တပ်ကုန်းခုတင် (၁၀၀)ပြည်သူ့ဆေးရုံမှာ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိစစ်ဆေးခံယူခဲ့ပါတယ်၊ အဲဒီမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက် ဆေးရုံ Positive လူနာကုသဆောင်မှာဘဲ (၅)ရက်နေပြီး ဆေးကုသခံယူရပါတယ်၊ ကျွန်တော်က အောက်ဆီဂျင်မကျလို့ အောက်ဆီဂျင်မလိုအပ်ခဲ့ပါဘူး ခင်ဗျာ၊ အိပ်ရေးဝအောင်အိပ်ပြီး အားရှိတဲ့ အစာတွေများများစားပါတယ်၊ ဗီတာမင်စီနဲ့ ဗိုက်တာဟုန်း အားဆေးတွေကိုလည်း သောက်ပါ တယ်၊ အဲဒီဆေးရုံ Positive လူနာကုသဆောင်မှာ (၅)ရက်ပြည့်မြောက်တော့ ဘုရင့်နောင်ရပ်ကွက်၊ ဓမ္မရိပ်သာ Quarantine Center ကို ပြောင်းရွှေ့ နေရပါတယ်၊ဓမ္မရိပ်သာမှာ (၅)ရက်ပြည့်မြောက်၍ ဆင်း ခွင့် ရရှိပါတယ်၊ အဲနောက်အိမ်မှာတော့ တစ်ပတ်အနားယူပါတယ်ခင်ဗျာ၊ ဒီရောဂါက ဘယ်ကနေဘယ်လို ကူးစက်မှန် မသိလို့ ပြည်သူများ အိမ်အပြင်ထွက်သွားလာမယ်ဆိုရင် နှာခေါင်းစည်း(Mask)တပ်ဆင်ဖို့နှင့် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များ သိရှိပြီး လိုက်နာနေထိုင်ရန် တိုက်တွန်းချင်ပါတယ် ခင်ဗျာ၊
ကျွန်တော်ကတော့ ကိုအောင်မင်းဦး ဖြစ်ပါတယ်၊ အောင်ဇေယျရပ်ကွက်နယ်မြေ(၅)မှာ နေထိုင်ပြီး ဆိုင်ကယ် ကယ်ရီအငှားလိုက်ပါတယ်၊အိမ်မှာ (၂)ရက်လောက် ဖျားပြီးတော့ နှာခေါင်းက အနံမရ တစ်ချက်၊ ရတစ်ချက်ဖြစ်တာနဲ့ ကိုယ့်ကိုယ်သံသယဝင်နေလို့ တပ်ကုန်းခုတင်(၁၀၀)ပြည်သူ့ဆေးရုံမှာ ကိုဗစ်ရောဂါပိုးစစ်ဆေးပေးနေတဲ့နေရာကို သွားစစ်တော့ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်၊ အဲဒီ ဆေးရုံ Positive လူနာကုသဆောင်မှာဘဲ ဆေးကုသခံယူခဲ့ပါတယ်၊ ကျွန်တော် ဆေးရုံ Positive လူနာကုသဆောင်မှာ (၈)ရက်နေပြီးနောက် ဓမ္မရိပ်သာ Quarantine Center မှာ (၂)ရက်နေခဲ့ပါတယ်၊ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးတာကတော့ အခမဲ့ စစ်ဆေးပေးခဲ့ပါတယ်၊ စီဗစ်နဲ့ပိုးသတ်ဆေး၊ အားဆေးတွေကိုတော့ အပြင်က မှာဝယ်သောက်ခဲ့ရပါတယ်၊ နေ့၊ညစာ ထမင်း၊ဟင်းများနဲ့ ဖြည့်စွက်စာဖြစ်တဲ့ ကြက်၌၊ ငှက်ပျော်သီး၊ အချို ရည်များကို ဒို့တပ်ကုန်းပရဟိတအဖွဲ့က နေ့စဉ်လာရောက်လှူဒါန်းပါတယ်၊ ကိုယ်ခံအားကောင်းတော့ အောက်ဆီဂျင်မလိုအပ်ခဲ့ပါဘူး ခင်ဗျာ၊ ကျန် Positive လူနာများ အောက်ဆီဂျင်လိုအပ်လို့ ကျွန်တော် ကိုယ်တိုင် ကူညီဆောင်ရွက်ပေးခဲ့ရပါသေးတယ်၊ ကိုဗစ်ဖြစ်ပြီး အခုနောက်ပိုင်းရက်မှာတော့ ချွေးထွက်တဲ့ အလုပ်တွေလုပ်ရင်တော့ အနည်းငယ်မောပါတယ်၊ ဒီရောဂါက သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါခံရှိသူများ ရောဂါကူးစက်ခံရရင်တော့ ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက် နိုင်ပါတယ်၊ ဒါကြောင့်မို့ အပြင်ထွက်တတ်သူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာဖို့ အကြံပြုအပ် ပါတယ်ခင်ဗျာ- အားလုံးကို ကျေးဇူးတင်ပါသည်။
တင်စိုးလွင်