မိုင်းယန်း စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၊ ဈေးတန်းရပ်ကွက်တွင် မိုင်းယန်းလူငယ်အသင်းမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခက်အခဲရှိသောအခြေခံလူတန်းစား များအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ရောင်းချပေးရာတွင် မိုင်းယန်းလူငယ်အသင်းဉက္ကဋ္ဌ ဦးစိုင်းလှိုင်ခမ်း ဦးဆောင်သည့် အသင်းသူ၊ အသင်းသားများမှ မိုင်းယန်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ အခက်အခဲရှိသော အိမ်ထောင်စုများ စားသောက်ရေးအဆင်ပြေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြစ်သည့် ကုလားပဲ(၂၅)ကျပ်သား၊ ကော်ဖီမစ်(၁၀)ထုပ်၊ ငါးသေတ္တာ(၂)ဗူး၊ မာမားခေါက်ဆွဲ(၃)ထုပ်နှင့် ယုဇနလက်ဖက်(၂)ထုပ် စသည့်ပစ္စည်း(၅)မျိုးပါတစ်ထုပ်လျှင် ငွေကျပ်(၃၀၀၀)ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ပြန်/ဆက်)