လှိုင်မြို့နယ်တွင် အသက် (၆၅)နှစ်အထက်ရပ်ကွက်နေ ပြည်သူများ၊ ဘုန်းတော်ကြီးများနှင့် Volunteer များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်း ဆောင်ရွက်

လှိုင် စက်တင်ဘာ ၂၁

ရန်ကုန်အနောက်ပိုင်း ခရိုင်၊ လှိုင်မြို့နယ်၊ YUFC အားကစားကွင်း အတွင်းတွင် ယမန်နေ့ နံနက်(၉)နာရီ အချိန်တွင် အသက် (၆၅)နှစ်အထက် ရပ်ကွက်နေ ပြည်သူများ၊ ဘုန်းတော်ကြီးများနှင့် Volunteer များ စုစုပေါင်း (၆၇၅)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အား ထိုးနှံပေးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း ကျန်းမာရေး စစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။

ကာကွယ်ဆေးထိုးနှံနေရာသို့ လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟန်ဝင်းလတ်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

လှိုင်မြို့နယ်(ပြန်/ဆက်)