အလှူရှင်များက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်ကူပြုပစ္စည်းများအား အရန်မီးသတ် စခန်းသို့ ပေးအပ်လှူဒါန်း

 

မန္တလေး စက်တင်ဘာ ၂၁

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အလှူရှင်များက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်ကူပြု ပစ္စည်းများအား အမရဌာနီ အရှေ့ရပ်ကွက် အရန်မီးသတ်စခန်းသို့ပေးအပ်လှူဒါန်း ခြင်းကို စက်တင်ဘာ၂၀ရက်နံနက်၁၁နာရီခွဲက ၉လမ်း၊ ၇၈လမ်းနှင့်၇၉လမ်း ကြားရှိ အဆိုပါမီးသတ် စခန်း၌ ပြုလုပ်သည်။

ထိုသို့လှူဒါန်းရာတွင် အလှူရှင်များဖြစ်ကြသော ဦးမောင်မောင်နှင့် ဒေါ်မြလှိုင်မိုးမိသားစုတို့က ကိုဗစ်၁၉ရောဂါ ကာကွယ်ရေး အထောက် အကူပြု ပစ္စည်းများဖြစ်သည့်အောက်ဆီဂျင် နှစ်ဆယ် လီတာအိုး(၂)လုံး၊ PPE ဝတ်စုံ(၇)စုံ၊ Levei-1(၃)စုံ၊ မျက်နှာမှန်ကာ(၁၀)ခု၊ လက်သန့် ဆေးရည် (၅)ဗူး၊ လက်အိတ်(၁)ဗူးတို့ကို ပေးအပ်လှူဒါန်းရာ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့မှ တပ်စုမှူး အောင်ဝင်းကလက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေး အပ်ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)