ကွတ်ခိုင်မြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ Sinopharm ပထမအကြိမ် ထိုးနှံပေး

ကွတ်ခိုင်      စက်တင်ဘာ   ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက်(၅၅)နှစ်မှ (၆၄)နှစ်ကြား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို (ပထမအကြိမ်)အဖြစ် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းနှင့် ပြည်ထောင်စု ခန်းမတို့၌ စုရပ်နေရာ (၂)နေရာတွင် ယမန်နေ့ နံနက် ၉ နာရီမှစ၍ စတင်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် (၅၅) နှစ်မှအသက် (၆၄) နှစ်အထိ ပြည်သူများ၊ အသက် (၁၈) နှစ်နှင့်အထက် ရဟန်းသံဃာ/သီလရှင်များ နာတာရှည် ရောဂါရှိပြီး ကူးစက်ရောဂါမရှိသူများ ၊ စစ်ရှောင်စခန်းမှ ပြည်သူများ (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများ အစီအစဉ်အတိုင်း ထိုးနှံပေးရာ စက်တင်ဘာ (၁၉)ရက်နေ့တွင် လူဦးရေ စုစုပေါင်း ( ၆၇၅) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်    ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်      ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ် ဆေး လာရောက်ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး‌ ဒေါက်တာဝင့်ဝင့်မြိုင်တို့က အနီးကပ်ကြီးကြပ်ပြီး ဌာနဆိုင်ရာများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 ဌေးဌေး (ကွတ်ခိုင်)