ကွန်ဟိန်း စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁)ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း ယနေ့မွန်းလွဲ(၂) နာရီအချိန်ခန့်က မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ကော်မတီထံမှ သိရသည်။
ကွန်ဟိန်းမြို့၊ ချယ်ရီလမ်း၊ အမှတ်(၄)ရပ်ကွက်နေ အမျိုးသား(၁)ဦးမှာ ကိုယ်လက်ကိုက်ခဲ ဖျားနေခြင်းကြောင့် နံနက်(၉) နာရီ ခွဲအချိန်ခန့်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျန်းမာရေး စစ်ဆေးမှုခံယူရန် ရောက်ရှိလာသဖြင့် Tesk Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုလူနာ(၁)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံ အထူးကုသဆောင်၌ ကြပ်မတ်ကုသပေးလျက် ရှိပါပြီး အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သူများကိုလည်း မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူများက ကွင်းဆင်း၍ စစ်ဆေးမှုများဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်(ကွန်ဟိန်း)