ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် စံချိန်တင် မိုးရွာသွန်းပြီး ရွှေတချောင်းမြောင်းပေါင် ရေကျော်၊ ကျိုးပေါက်မှုမဖြစ်ပေါ်စေရေး အချိန်မီ ဆောင်ရွက်နေ

မတ္တရာ စက်တင်ဘာ ၂၀

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် (စက်တင်ဘာလ ၁၉ ရက်) ယမန်နေ့ ညတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဘေးမဲ့ကျေးရွာနှင့် ကြပ်ကုန်းကျေးရွာကြားရှိ ရွှေတချောင်းမြောင်း ပေါင်မှာ ယနေ့ နံနက်ပိုင်းမှစ၍ ရေကျော်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထို့သို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကျော်လျက်ရှိသည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင် ဗိုလ်မှူးစန်းယုတို့မှဦးစီး၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မတ္တရာ)နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရွာသူရွာသားများပူးပေါင်းကာ ရွှေတချောင်း မြောင်း ပေါင်ကျိုးပေါက်မှု မဖြစ်ပေါ်စေရေး၊ ပြည်သူများ အသွားအလာအခက်အခဲမရှိစေရေးအတွက် သဲအိတ် များဖို့ခြင်း၊ မြေထိန်း နံရံများကာရံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

မတ္တရာမြို့နယ်၌ စက်တင်ဘာလ ၂၀ ရက်နေ့တွင် မိုးရေချိန် ၇.၆၈လက်မ စံချိန်တင်ရွာ သွန်းခဲ့ ကြောင်းသိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)