နောင်တရားမြို့၌ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် ဓါတ်ပုံပြသ

နောင်တရား  စက်တင်ဘာ ၂၀

          ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် နှင့် ဓါတ်ပုံပြသဆောင်ရွက်သည်။

          အသိပညာပေးနံရံကပ်စာစောင်တွင် စနစ်တကျလက်ဆေးခြင်း၊ ကိုဗစ်-၁၉ရောဂါ လက္ခဏာများ၊ ရောဂါကူးစက်မှုမခံရအောင် ဆောင်ရန်ရှောင်ရန်များ ကိုလည်းကောင်း၊ ဓါတ်ပုံ ပြဘုတ်တွင် ကာကွယ်ဆေးထိုးနှံခြင်း၊ ဒေသတွင်းရောဂါထိန်းချုပ်ရေးဆောင်ရွက်ချက်များနှင့် ပရဟိတအဖွဲ့ပူးပေါင်းဆောင်ရွက်နေမှု စသည့် မှတ်တမ်းဓါတ်ပုံများကို လည်းကောင်း ပြသဆောင်ရွက်သည်။

          ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်တရားမြို့ရုံးမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ရပ်ကွက်၊ ကျေးရွာအတွင်း အသံချဲ့စက်ဖြင့် အသိပညာပေးလုပ်ငန်းဆော်ဩခြင်းနှင့် မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ရောဂါအသိပညာပေး နံရံကပ်စာစောင်ပြသခြင်း၊ အသိပညာပေး ဓါတ်ပုံပြသခြင်း၊ ပြည်သူများ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေးနိုးဆော်ခြင်း စသည့်အသိပညာပေးလုပ်ငန်းများကို လစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)