သာစည် စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင် မှတ်ပုံတင်ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား (ဒုတိယအကြိမ်)ထိုးနှံခြင်းနှင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အလုပ် ဌာနများမှ အလုပ်သမားများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က အောင်ပန်းဘူတာခန်းမ၊ ဟင်းခွတ်အိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမတို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်း၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သည့် (Sinovac) ဆေး အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၂)ဦးနှုန်းဖြင့် မြန်မာ့မီးရထား၊ တိုင်း(၄)မှ အာမခံ အလုပ်သမား (၉၀)ဦးအား (ဒုတိယအကြိမ်)၊ ဟင်းခွက်အိုင် ကျေးရွာရှိ အလုပ်ဌာနများမှ အလုပ်သမား (၅၈၂)ဦးအား (ပထမအကြိမ်)၊ စုစုပေါင်း (၆၇၂)ဦးတို့အား ထိုးနှံပေးခဲ့ပြီး ဆေးထိုးရန် ကျန်ရှိသူများကိုလည်း ဆက်လက်၍ ကွင်းဆင်းထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့သို့ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်လူမှုဖူလုံရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြသည်။
မြို့နယ်(ပြန်/ဆက်)