ခေါဇာ စက်တင်ဘာ ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့၌ ကိုဗစ်- ၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ် ဦးစားပေးအုပ်စုအလိုက် စက်တင်ဘာ ၁၆ ရက်နေ့မှစ၍ ကာကွယ်ဆေးများကို စတင်ထိုးနှံပေးလျက်ရှိရာ (ပဉ္စမနေ့) အဖြစ် ယနေ့နံနက် ၉ နာရီမှစ၍ ခေါဇာမြို့ မြို့လယ်ဘုရားဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအားကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ (၁၉) ရက်နေ့အထိ ဒေသခံပြည်သူ (၁၄၆၀)ဦးအား ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီဖြစ်ကြောင်းတာဝန်ရှိသူ ထံမှသိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာသို့ ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ အမှတ်(၉) အဖွဲ့ခေါင်းဆောင် ခေါဇာမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် လူမှုရေး အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခေါဇာ(ပြန်/ဆက်)