ညောင်ဦး စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့ညနေ ၄ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများ အတွင်း ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်နိုင်ရေးလှည့်လည်၍ အသိပေးနှိုးဆော်ခဲ့ကြောင်း ညောင်ဦး ခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသန္တာအောင်ထံကသိရသည်။
ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့နည်းပပျောက်စေရေးအတွက် ပြည်သူများ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်း လိုက်လံ ဆော်ဩအသိပေးနှိုးဆော်လျှက်ရှိရာ လူစုလူဝေးရှောင်းရှား နေထိုင်ကြ ရန်၊ မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ အပြင်ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ပြီးမှ အပြင်ထွက်ရန်၊ တတ်နိုင်သမျှအိမ်အတွင်းသာ နေထိုင်ရန်၊ မိမိအိမ်သို့ဧည်သည် လာရောက်မှု လက်မခံရန်၊ နေအိမ်ရှိ အသက် ၆၅နှစ်အထက်အသက်အရွယ်ကြီးရင့်သူများ နှင့်ဆီးချို၊ သွေးတိုး၊နှလုံးစသည့် နှာတာရှည်ရောဂါအခံ ရှိသူများရှိပါက ထိုသူများအား ပါးစပ်နှင့်နှာခေါင်းအား Mask တပ်ဆင်ထားပါ။ လေဝင် လေထွက်ကောင်းသည့် နေရာတွင် နေစေခြင်း၊ နေအိမ်ပြတင်းပေါက်များအား လေဝင်လေထွက်ကောင်းစေရန် ဖွင့်ထားစေခြင်း၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင်တစ်ရက်သာ ဈေးဝယ်ထွက်စေခြင်း၊ ပါးစပ်နှာခေါင်းတို့တွင် စနစ်တကျ Mask စနစ်တကျ တပ်ဆင်ထားခြင်းမရှိသော ဈေးမဝယ်ပါနှင့်၊အပြင်ထွက်ရာမှအိ မ်ပြန်ရောက် သည့် အခါ အိမ်သို့ရောဂါပိုးများ သယ်ဆောင်လာခြင်းမရှိစေရန် သတိပြု ပါ၊အသုံးပြုပြီးသား နှာခေါင်းစည်း Mask နှင့်တခါသုံးပစ္စည်းများကို အမှိုက်ပုံးအတွင်းသို့ စနစ်တကျစွန့်ပစ်ပါ။အဝတ်အစားမလဲမီ၊ ကိုယ်လက် သန့်စင်ခြင်း မပြုမီ အိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှရှောင်ကြင်ပါ၊အလှည့်ကျရရှိသော ကာကွယ်ဆေး သည် မိမိအတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ထိုးနှံရန်၊ ကာကွယ်ဆေးထိုး ပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာရန်၊ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ လူအား၊ ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှု ပညာရပ်များဖြင့်စနစ်တကျ ပါဝင်ပူးပေါင်းပေးကြပါရန် အသိပေးနှိုး နှိုးဆော်ခဲ့ကြောင်းသိရသည်။
ကိုထိန်၊KPD