မြင်းခြံ စက်တင်ဘာ ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြင်းခြံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၅၁၇)ဦးအား လူမှုရေပင်စင် ထောက်ပံ့ငွေ များ ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါလူမှုရေးပင်စင်ထောက်ပံ့ငွေများမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် တစ်လလျှင်(၁၀၀၀၀) ကျပ်နှုန်းဖြင့်(ဧပြီ၊ မေ၊ ဇွန်)သုံးလ အတွက် တစ်ဦးလျှင်(၃၀,၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
မြင်းခြံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၅၁၇)ဦးမှာ ရပ်ကွက်ပေါင်း(၁၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း(၅၆)အုပ်စုတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၄၅,၅၁၀,၀၀၀)(ကျပ်သိန်းလေးရာငါးဆယ့် ငါးသိန်း တစ်သောင်း)ကို ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများထံသို့ အိမ်အရောက် ထောက်ပံ့ငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျော်စွာ(မြင်းခြံ)