ဟိုပန် စက်တင်ဘာ ၂၀
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုး ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ဟိုပန်မြို့နယ်စည်ပင်သာယာရေးဌာနပိုင် မြို့မဈေးအား စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့ထိ တစ်ပတ် ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။
ရောဂါပိုးကူးစက်မှုများ ထိန်းချုပ်နိုင်ရန်အတွက် ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ စက်တင်ဘာလ ၁၉ ရက်နေ့ထိ ပိတ်ထားခဲ့သော်လည်း ကူးစက်ဖြစ်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရန် မြို့မဈေးကို ဆက်လက်ပိတ်ထားခြင်းဖြစ်ပြီး ယာယီဈေးပိတ်ထားစဉ် ကာလအတွင်း ရွှေဝါကျေးရွာ၊ တိုင်းရင်းသားယဉ်ကျေးမှုကွင်းအတွင်း အခြေခံစားသောက်ကုန်၊ ကုန်စိမ်းနှင့် သား/ငါး ဈေးသည်များအား နေ့စဉ် နံနက်(၀၆၀၀)နာရီမှ နေ့လည်(၁၂၀၀)နာရီအထိ ရောင်းချခွင့်ပြုလျက်ရှိပါသည်။
ဟိုပန်မြို့နယ်တွင် စက်တင်ဘာလ ၁၈ ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၃၂၂)ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူ(၂၉၀)ဦး၊ ဆေးကုသလျက်ရှိသူ(၂၇)ဦးနှင့် သေဆုံးသူ(၅)ဦးရှိခဲ့ကြောင်း ရှိခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်