မန္တလေး စက်တင်ဘာ ၂၀
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် "စက်မဲ့/စက်တပ်ရေယာဉ်များ၌ အသက်ကယ်အင်္ကျီ(Life Jackets) များ ထားရှိရေးနှင့် ဝတ်ဆင်အသုံးပြုစေရေး အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်၈နာရီက မင်းတဲအီကင်းရပ်ကွက်၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြား၊ မြို့ပတ်လမ်းရှိ ဧရာဝတီ မြစ်ကမ်းဘေးတွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်က ကြီးကြပ်၍ ဒုတိယဦးစီးမှူး၊ လက်ထောက်ဦးစီးမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပင်လယ်ကမ်းရိုးတန်းနှင့် မြစ်ချောင်းကမ်းပါးများအနီးတွင် နေထိုင်ကြသည့် ပြည်သူများနှင့် ပင်လယ်/မြစ်/ ချောင်းများတွင် သွားလာနေကြသည့် ရေယာဉ်စီးခရီးသည်များ အသက် အန္တရာယ် ဆုံးပါးမှုလျော့နည်းစေရေးအတွက် စက်မဲ့/စက်တပ်ရေယာဉ်များတွင် အသက်ကယ်အင်္ကျီ(Life Jackets) များ ထားရှိရေးနှင့် ဝတ်ဆင်အသုံးပြုစေရေး အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်သူများသိရှိလိုက်နာ ကျင့်သုံးစေရေး အတွက် လက်တွေ့ဝတ်ဆင်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)