လဲချား စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း ၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်- ၁၉ရောဂါပိုး ရှိ/မရှိကို RDT Test Kit ဖြင့် စစ်ဆေးရာတွင် ကိုဗစ် -၁၉ ရောဂါပိုးရှိသူ (၇)ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ဖျားနာခြင်း၊ချောင်းဆိုးခြင်း၊အနံ့မရခြင်းကြောင့် စစ်ဆေးပေးသူ (၁၂)ဦးတွင် (၇)ဦး ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ယခုအခါ လဲချားမြို့နယ်တွင် ဇူလိုင်လ (၁၀)ရက်နေ့မှ ယမန်နေ့အထိ စစ်ဆေးသူ စုစုပေါင်း (၆၅၂)ဦးတွင် ပိုးတွေ့အတည်ပြု လူနာ (၁၅၃)ဦးရှိရာတွင် ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၂၉)ဦး၊သေဆုံးသူ (၆)ဦးဖြစ်ပြီး ကျန်ရှိသော အတည်ပြု လူနာ(၁၈)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိပြီး ကြပ်မတ်ကုသပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
လွှမ်းသူနောင် (လဲချား)