တကောင်းမြို့၌ပန်းခင်းစီမံချက်ဖြင့် နိုင်ငံ့သားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကွင်းဆင်း ဆောင်ရွက်ပေး

 

တကောင်း     စက်တင်ဘာ  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ပန်းခင်း  စီမံချက်ဖြင့် နိုင်ငံ့သား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေး ခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က ဖုန်ကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက််ခဲ့ ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဉီးဆောင်ကာ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ဝန်ထမ်းများ၊ တကောင်းနယ်မြေရဲစခန်းရှိ ရဲဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ဖြင့် ပူးပေါင်းကာ ဖုန်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ဖုန်ကုန်းကျေးရွာ၊ ညောင်လေးပင်းကျေးရွာနှင့် အင်ပျန်ကျေးရွာတို့မှ အသက်(၁၆)နှစ်ပြည့် ပြီးသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း မသွင်းရသေး သူများအား စာရင်းသွင်းပေးခြင်း အိမ်ထောင်စုစာရင်းမရှိသော မိသားစုများအား အိမ်ထောင် စုစာရင်း ပြုလုပ်ပေးခြင်း များကို ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့် အညီဆောင်ရွက် ပေးလျှက်ရှိကြောင်းသိရသည်။

အဆိုပါပန်းခင်းစီမံချက်အရ ဖုန်ကုန်းကျေးရွာအုပ်စုအတွင်းတွင် နေထိုင်သည့် ဒေသခံပြည် သူများကို နိုင်ငံ့သား စိစစ်ရေးကတ်ပြား(၂၈)ခုနှင့် အိမ်ထောင်စုလူဦးရေ စာရင်း(၃၂)ခုတို့အား ပြုလုပ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း တကောင်းမြို့ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနထံမှ သိရ သည်။

သီတာအောင်(တကောင်း)