ညောင်ဦး စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာ သူများမှ ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးခံ ရောဂါ ခံစားနေရချိန်အခြေအနေများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးမဖြစ်မနေထိုးသင့်ကြောင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူတို့၏ စကားသံများကိုမေးမြန်းဖော်ပြ လိုက်ရ သည်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၊ ကာ ကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း များသည် ပြည်သူများအတွက် အရေးပါသည့် လုပ်ငန်း စဉ်တစ် ခုဖြစ်သကဲ့သို့ ကာကွယ်ဆေး၏ အာနိသင်သည်လည်း အကျိုးသက်ရောက်မှုရှိသည့်အတွက် လူတိုင်းလူတိုင်းထိုးနှံသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားပြီး ဖြစ်သည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည် ကျန်းမာရေးကောင်း မွန်လာသူတို့၏ စကားသံကို စက်တင်ဘာ ၁၉ရက်နေ့က သွားရောက် မေးမြန်းခဲ့ပြီး ဖော်ပြအပ်ပါသည်။
ဦးခင်မောင်ဌေး(အမှတ်-၄)သီရိပစ္စယာရပ်ကွက်။ ။ ကျွန်တော့်အနေဖြင့် အပြင်သိပ် မထွက်ဖြစ်ခဲ့ဘူး။အလုပ်ရှိလို့ ထွက်ရင် တောင် ကျန်းမာရေး ဦးစီးဌာနကချမှတ်ထားတဲ့ စည်းကမ်းချက်များနှင့်အညီ Mask တပ်တယ်၊ ဈေးထဲလူစုလူ ဝေးရှိတဲ့နေရာရှောင်ရှား သွားလာတယ်။ကူးစက်မှုကတော့ ဘယ်ကနေဘယ်လိုကူးတယ် မသိလိုက်ဘူး၊ ဖျားတာ ကနေ ဆေးစစ်တော့မှ ကိုဗစ်-၁၉ ရောဂါအတည်ပြုခဲ့ရတယ်။ ညောင်ဦးခရိုင် ပြည်သူ့ ဆေးရုံကြီးရောက်တော့ ထူးပြီးတော့ မခံစားရဘူး၊ ဒီရောဂါရနေပြီး ဆိုတာသိတဲ့အတွက် အစားအစာပုံမှန်စားတယ်၊ စားချင်သည် မစားချင်သည် ဝင်အောင် စားတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးထားတယ်ဆိုတဲ့စိတ်ကလည်း ငါဘာမှမဖြစ်စေရဘူး၊ ဆိုတဲ့စိတ် ရယ်၊ ဆေးရုံကြီးက ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ မနက်တစ် ခါ ညနေတစ်ခါ ကိုယ်အပူချိန်တိုင်းတယ်၊ အစားအသောက် အတွက်ကတော့ တစ်နေ့သုံးကြိမ် စီစဉ်ပေး တယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးထားတဲ့အတွက်ပြင်းထန်တဲ့ ခံစား မှုတော့ မရှိခဲ့ဘူး၊ ကိုဗစ်ကာကွယ်ဆေးမထိုးထားသူတွေကတော့ အသက်ရှူသံပြင်း ပြင်းရှူနေ တာတွေ၊ အောက်ဆီဂျင် တပ်ပြီး ကူညီရှူရတာတွေမြင်နေရတယ်။သူတို့မြင်ရ တာတော့ နှစ်ဆလောက်ပိုခံစားနေရသလိုပဲ၊ ကျွန်တော်တွေးမိတယ် လူတိုင်းလူတိုင်း ကိုယ်ဗစ် ကာကွယ်ဆေးထိုးထားသင့်တယ်။ ကာကွယ်ဆေးထိုးမှလည်း သူ့ကကာကွယ်ကိုယ့် ကာကွယ် ပီးသားဖြစ်မယ် ဒါကြောင့် ကာကွယ်ဆေးထိုးကြဖို့တိုက်တွန်းချင်ပါတယ် ခင်ဗျ။
ဦးစိုးရွှေ (ဈေးသည်)အမှတ်(၇)၊ဝက်ကြီးအင်းရပ်။ ။ ကျွန်တော်ကူးစက်ခံရတာတော့ ပိုက်ဆံကတဆင့် ကူးစက်ခံရနိုင် တယ်လို့ထင်တယ်ခင်ဗျ၊ ပုံမှန်ဆို ဈေးဝယ်ပေးတဲ့ ပိုက်ဆံကို အရက်ပျံဖြန်းနေကျ၊ မဖြန်းမိတဲ့ပိုက်ဆံကနေ ရောဂါ ပိုးပါလာပြီး ကူစက်ခံ ရတယ်လို့ထင်ရတယ်၊ စဖြစ်ချိန်ကလည်ချောင်းနာလာတယ်၊ နှာစေးလာတယ်၊ ညောင်ဦး ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါစစ်ကြည့်တဲ့အခါမှာ ရောဂါ အတည်ပြု တယ်။အတည်ပြုပြီးချိန် အနံ့ပါပျောက် သွားတယ်။ကာကွယ်ဆေး ထိုးထားတဲ့အတွက် ကြီးကြီးမားမားလက္ခဏတော့မခံစားရပါဘူး။ကိုဗစ်ရောဂါလူနာတ ယောက်အနေဖြင့် အခြားသူများကို ပြောချင်တာကတော့ ကိုယ်ခံအားကောင်းအောင်နေဖို့နဲ့ အိပ်ရေးဝဝ အိပ်ဖို့၊ အဟာရပြည့်ဝဖို့စားသုံးသင့်တယ်၊ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ မြန်မာ့ ဟင်းချက် စရာအစားအသောက်တွေချက်စားပြီး ကိုယ်ခံအားကောင်းအောင် စားနေရမယ်၊ အသက်ရှုလေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်သင့်သလို၊ ရေများများ သောက်ဖို့လည်း အကြံပြု ချင်ပါတယ်၊ သက်ဆိုင်ရာဌာနများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးချိန် မဖြစ်မနေ သွားရောက် ထိုးသင့် ကြောင်းလည်း အကြံပြုပါကြောင်း မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာနိုင်ငံသူနိုင်ငံသားများလည်း ကိုဗစ်-၁၉ ကူးစက် ရောဂါကင်းဝေးစေကြောင်းဆု တောင်းပေးကြောင်းပြောကြားလိုပါတယ်။
ကိုထိန်(KPD)