ကျိုင်းတုံမြို့၌ ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေး

ကျိုင်းတုံ               စက်တင်ဘာ  ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင်  ဦးစားပေးအုပ်စုများဖြစ်သည့် အသက် ၅၅ နှစ်အထက်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နာတာရှည်ရောဂါသည်များ၊ မသန်စွမ်းများအား  ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် နာရီက သတ်မှတ်ဆေးထိုးစုရပ် သုံးနေရာ၌ တာဝန်ရှိသူများက တစ်ပြိုင်နက်တည်း ထိုးနှံပေးသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို  ကျိုင်းတုံမြို့ အမှတ်()ရပ်ကွက် အထက()  အမှတ်()ရပ်ကွက် တိုင်းနေခန်းမနှင့် မိုင်းလပ်ကျေးရွာအုပ်စု ပြည်ငြိမ်းအေးအိမ်ယာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)