ပင်လုံ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှစတင်၍ ပင်လုံမြို့ အထက(၁)ကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထပ်မံထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာနေရာသို့ ပင်လုံမြို့ရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့်ပြည်သူ (၄၀၀)ဦး လာရောက်၍ ကာကွယ်ဆေးထိုးနှံကြကြောင်းနှင့် အဆိုပါကာကွယ်ဆေး ထိုးနှံရာနေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းထွဋ်နှင့်အဖွဲ့၊ ပင်လုံမြို့အမှတ်(၂)ဝန်တင်တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစိုးနိုင်၊ ပင်လုံမြို့ အုပ်ချုပ်ရေးမှူးဦးမြင့်ဇော်နှင့် ပင်လုံမြို့အဆင့် ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြုကော်မတီမှ ဒု-ဥက္ကဌဦးလောယုံနှင့်အဖွဲ့၊ လွိုင်လင်မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ လာရောက်ကူညီဆောင်ရွက်ပေးကြကြောင်းနှင့် ယနေ့တွင်ဆက်လက်၍ ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပင်လုံ ပြန်/ဆက်