မိုင်းဖြတ် စက်တင်ဘာ ၁၉
ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစားရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ရက်ကွက်နှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဆွပ် ပလောင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ လူဝင် မှုကြီးကြပ် ရေးမှူး ဦးအောင်မြင့်ထွန်းက “ပန်းခင်းစီမံချက်” ပြည်သူများသို့ အိမ်ထောင်စုလူဦးရေစားရင်းနှင့် နိုင်ငံသားစိစစ်ရေးပြားများ ကွင်းဆင်း ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ ပန်းခင်းစီမံချက်များ ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည် ထို့နောက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို” အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်းများက မိုင်းဖြတ်ကျေးရွာအုပ်စု အတွင်းမှ ကျေးရွာနေ ပြည်အား နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောထားသူ (၄၈) ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားသူ အိမ်ထောင်စု (၉) စုတို့ကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်” လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး