တောင်ကြီး စက်တင်ဘာ ၁၉
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ မိဘပြည်သူများအား ဆေးထိုး အဖွဲ့(၅)ဖွဲ့၊ မိုဘိုင်းဆေးထိုး အဖွဲ့(၂)ဖွဲဖြင့် စက်တင်ဘာ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံရာ၌ ဆေးထိုးရန်ကျန်ရှိသော ရဟန်း၊ သံဃာနှင့် သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၅၅)နှစ်နှင့်အထက် ပြည်သူများအား ဦးစားပေးအုပ်စုအဖြစ် ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆေးထိုးစုရပ်များအဖြစ် တောင်ကြီးမြို့ပေါ်တွင် မြို့တော်ခန်းမ၊ မိုးလုံလေလုံအားကစားခန်းမများ၌လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ရွှေညီလာခန်းမ၊ အေးသာယာမြို့တွင် မြို့လယ်ဓမ္မာရုံ၊ ကျောက်တလုံးကြီးမြို့တွင် အထက (လုံကား)၊ အထက (ကျောက်တလုံးကြီး)တို့တွင်လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး တောင်ကြီးမြို့နယ်၊ နန်းဟောင်း၊ လွယ်တော်၊ ဘန့်ကွေး၊ မင်္ဂလာ၊ နန်းဟူး၊ သံတဲ၊ ကျောက်နီ၊ ကွန်လုံနှင့် မိုင်းရှေ့ကျေးရွာများရှိ မိဘပြည်သူများအား မိုဘိုင်းဆေးထိုးအဖွဲ့မှ သတ်မှတ်ရက်များအလိုက် လာရောက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။
တောင်ကြီးသား