ဝမ်းတွင်းမြို့နယ်တွင် ဒေသခံပြည်သူများအား ဒုတိယအကြမ်မြောက်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ဝမ်းတွင်း၊ စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ် အထက်ပြည်သူများနှင့် Vaiunteer များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm များ ထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ် ဩဂုတ်လ   ၂၉ ရက်နေ့  နံနက် ()နာရီအချိန်မှစတင်ကာ သက်ဆိုင်ရာစုရပ် နေရာများအလိုက် ဒေသခံပြည်သူများအားကာကွယ် ဆေးများထိုးနှံပေး လျက်ရှိကြောင်း သိရ သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အား ဒုတိယအကြိမ်မြောက် ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင်မြို့ပေါ်ရပ်ကွက်/ကျေးရွာများအုပ်စုများရှိ အသက်(၆၅)နှစ်အထက် ဒေသခံ ပြည်သူများနှင့် Valunteerများ အားကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေး အချက် အလက်စာရင်းများရေးသွင်းခြင်းများဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူ အသက် (၆၅) နှစ်ထက်ရှိသူများနှင့် Valunteer များကို သက်ဆိုင်ရာစုရပ်များ အလိုက်ကာကွယ် ဆေးများထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေး ခြင်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထားထားနှင့် ဌာနဆိုင်ရာ အကြီးအကဲ များ၊ မြို့နယ်ကိုဗစ်၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များက လာရောက် ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီးဒေသခံပြည်သူများအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်ရေး နည်းလမ်းများကိုတိကျစွာ လိုက်နာပြီးရောဂါကူးစက်ပျံ့ပွားမှုထိန်းချုပ်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးမှပြေားကြားခဲ့ပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ   ၁၈ ရက်နေ့တွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး Simoparm ထိုးနှံ ပေးခြင်းအနေဖြင့် အသက်(၆၅)နှစ်အထက်ရှိသူနှင့် ဒေသခံပြည်သူ ကျား(၄၄၇)ဦး၊ မ (၆၇၃)ဦး၊ စုစုပေါင်း(၁၁၅၀)ဦးကို သက်ဆိုက်ရာစုရပ်များအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် ဒေသခံ ပြည်သူများအား ကာကွယ်ဆေးများဆက်လက် ထိုးနှံပေး နိုင်ရေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ကိုရဲ(ဝမ်းတွင်း)